Local News

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ၏ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

၁။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။     အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများ အလိုက် လုပ်ငန်းစီမံချက် (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ် (Activities) များမှ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။

၃။ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထိန်လင်းတို့ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် ကော်မတီအဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို NES Unit မှ ဖြန့်ဝေသွားမှာဖြစ်ပြီး အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ် များတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လိုအပ်သော ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

 

Category: Local News